Translate


Breaking News

Tuesday, February 4, 2014

PayPal Account သစ် ဖွင့်နည်း

  PayPal Account ဘယ်လိုဖောက်မလဲ.. 

အခု တစ်ခေါက် ကျွန်တော် တင်ပြမှာကတော့ PayPal  အကောက် လျှောက်နည်းဘဲ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ နေထိုင်သူများ အတွက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ PayPal အကောက်လျှောက်တဲ့ အခါမှာ နိုင်ငံရွေးတဲ့ဆီမှာ မြန်မာနိုင်ငံမပါလို့ပါဘဲ။ အဲ့ဒါကြောင့် မို့လို့ မြန်မာနိုင်ငံက လူတွေ လျှောက်လို့ လွယ်အောင် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ 

အရင်ဦးဆုံး https://www.paypal.com/ ထဲ ၀င်ပြီးတော့ Sign Up ကလစ်လိုက်ပါ။ 

 

နိုင်ငံရွေးတဲ့ နေရာမှာ ထိုင်းနိုင်ငံကို ရွေးလိုက်ပါ ခင်ဗျာ။  တကယ်လို့ မိတ်ဆွေတို့က မလေးတို့ ၊ စ လုံး တို့ ကိုးရီးယား တို့မှာ နေတယ် ဆိုရင်တော့ ကိုယ်နေတဲ့အတိုင်း ထည့်ပြီး လျှောက်နိုင်ပါတယ်။

 

Personal ကိုရွှေးပြီးကလစ်ပါ  ။ Email address  ထည့်တာတို့ First Name Last Name ထည့်တာတို့ကတော့ သိမှာပေါ့ ။Password မှာတော့  စာလုံးအကြီးတစ်လုံးပါပါစေ။ 

ဒီအပိုင်းမှာ ဖြည့်ရမှာက အရေးကြီးပါတယ်။ အမှန်အတိုင်း ဖြည့်ရမှာပါ။ Address မှာ ကြိုက်တာ ထည့်ပါ။ City/District မှာတော့ Phuket  ရေးပါ။ Province မှာလဲ Phuket ကိုဘဲရွေးပေးပါ။ Postcode မှာတော့ 83000 လို့ ဖြည့်ပါ။ Phone number မှာကတော့ 08 နဲ့ စပြီးတော့ ဂဏန်းဆယ်လုံး ပြည့်အောင် ထည့်ပါ အမှန်အတိုင်း ရေးရင်တော့ ကောင်းပါတယ်။ 0874627593 ဒါကတော့ ကျွန်တော့် Phone No ပါ။ မိတ်ဆွေတို့ သုံးချင်တယ် ဆိုရင် သုံးနိုင်ပါတယ်။ သတိပေးချင်ပါတယ် မိန်းကလေးများ ဖုန်းမဆက်လာပါနဲ့ :) ဟီး ..ဟီး ..စ တာပါ။ 

 

 ပုံမှာပြထားတဲ့ Line နံဘေးက အမှတ်ကိုဖြုတ်ပြီး Agree and Crate အကောင့်ကို နှိပ်လိုက်ပါ

 

အခုလိုပုံစံလေးတွေ့ရမှာဖြစ်ပါတယ် သူပေးထားတဲ့ စာလုံးတွေကို ထည်ပြီး Continue ကိုကလစ်ပါ။ ဘဏ်အကောင့်ဖြည့်ခိုင်းပါမယ် ဖြည့်စရာမလိုပါဘူး MY Accoute ကိုကလစ်လိုက်ပါ ။ပြီးရင်ကိုယ်အကောင့်ဖွင့်ထားတဲ့ မေးထဲတစ်ချက်ကြည့်လိုက်ပါ။ paypal ဆိုဒ်က ကုတ်ပို့ထားတာတွေ့ရပါမယ်။ ကော်ပီလုပ်ပီးထည့်လိုက်ပါ  အဆင်ပြေပါပြီ။ Security questions  ဖြည့်တဲ့အခါမှာ သတိထားပါ။ သေသေချာချာမှတ်ထား အကြောင်းအမျိုးအမျိုးကြောင့် Pass မေ့တဲ့အခါ  Security questions  မသိရင် ၀င်မရပါဘူး။

 

ဒါဆိုရင်တော့  အကောက် လျှောက်ခြင်း ပြီးဆုံး သွားပါပြီ ။  မှတ်ချက်=> Paypal Account ရပြီဆိုတာနဲ့ Activate ဖြစ်ဖို့ VisaCard လိုပါတယ်..အဲဒီ ကဒ်အတွက် www.shwemoney.comမှာစုံစမ်းဝယ်ယူနိုင်ပါတယ်..ဈေးနှုန်းကတော့ တစ်နှစ်စာခြောက်သောင်း သက်တမ်းတိုရင် တစ်သောင်းခွဲပါခင်ဗျာ။ Activate မဖြစ်လဲဘဲ အင်တာနက်မှ ရှာထားတဲ့ ပိုက်ဆံတွေကို ငွေလွဲ ငွေပို့ လုပ်လို့ရပါတယ်။ 

Myanmar IT Helper မှ

2 comments:

  1. Facebookအ​ကောက်​lockကျသွားလို့
    ဘယ်​လိုလုပ်​၇မလဲ နည်းလမ်း​လေး​ပေးပါ

    ReplyDelete
  2. ကုဒ်​ကိုဘယ်​​နေရာထည့်​ရမလဲ့ခင်​ဗျာ
    ရှာမ​တွေဘူး

    ReplyDelete

Designed By