Translate


Breaking News

Friday, July 22, 2016

ဦးဝီရသူရရှိခဲ့သောအဘိဝံသ စာမေးပွဲအကြောင်း

ဦးဝိစိတ္တာဘိဝံသ (ဝီရသူ - မစိုးရိမ်) ရရှိတော်မူခဲ့သော
အဘိဝံသ စာမေးပွဲအကြောင်း
==============================
အဘိဝံသ စာမေးပွဲ
(သို့ မဟုတ်) မန္တလေး သကျသီဟ စာမေးပွဲ
မန္တလေးမြို့ ပရိယတ္တိသာသနဟိတအ သင်းကကျင်းပသောစာမေးပွဲများမှာ အဘိဝံသစာမေးပွဲ အလင်္ကာရစာမေးပွဲ နိကာယ်စာမေးပွဲတို့ ဖြစ်သည်။ အဘိဝံသဘွဲ့ရရှိနိုင်ရန် စာသင်တန်းစာချတန်းဆိုပြီး အဆင့်နှစ်ဆင့်ကိုဖြေဆိုရလေသည်။
အာဂုံအောင်မှရေးဖြေဖြေခွင့်ရှိသည် အောင်ဖို့ရန်မလွယ်ကူပါ။စာများသလို အမေးပုစ္ဆာများကလည်းခက်ခဲလှလေသည်။ လယ်တီဆရာတော်က""လူသတ်စာမေးပွဲ""ဟု
ကင်ပွန်းတပ်ထားခဲ့သောစာမေးပွဲဖြစ်သည်။
ပြဌာန်း ကျမ်းစာများ
…………………………………………………………………
ရဟန်းတော်များ သက်တော် (၂၇)နှစ်သာ ခွင့်ပြုပါသည်။
၁။ သီးခြားစာသင်တန်း ပြဌာန်း ကျမ်းစာများ၊ ဒွေမာတိကာ သဒ္ဒါ၊ သင်္ဂဟ၊ ကစ္စာယနသာရ၊ ဘေဒစိန္တာ၊ အဘိဓါန်၊ ဆန်းကျမ်း၊ ပုဒ်စစ်၊ သဒ္ဒါစစ်၊ သံဝဏ္ဏနာ။
နည်းလေးဆယ်၊ မာတိကာ၊ ဓါတုကထာ၊ (အောက်)ယမိုက်ငါးကျမ်း၊ အာဂုမ် နှုတ်ထောက်ရ၍ အောင်မြင်မှသာလျှင်၊ ငါးရက်တိုင် ကျင်းပသော(ရေးဖြေ) စာမေးပွဲ ၀င်ရောက်ဖြေဆိုနိုင်ပါသည်။ အောင်မြင်လျှင် ဆွမ်းဆန်တော် ငါးနှစ်တိတိ လှူဒါန်းပါသည်။
(နယုန်လ ကျင်းပ၍ ၀ါဆိုလအောင်ပွဲ)
၂။ စာသင်တန်း အောင်မြင်ပြီးနောက် ငါးနှစ်တိုင် ဆက်လက်၍ စာချတန်းကို အဋ္ဌကထာကြီး သုံးကျမ်း(ပါရာဇိကဏ်၊သီလက္ခန္ဓ၊အဋ္ဌသာလိနီ)နှင့် သက်ဆိုင်ရာ ဆန်း၊ အလင်္ကာ၊ ဥာသ်ကောက် အထက်ယမိုက်၊ ပဋ္ဌာန်းကျမ်းကြီးနှင့်တကွ ဋီကာ၊ အနူ၊ မဓု ဂဏ္ဌိ ယောဇနာ ကျမ်းများစွာတို့ကို သုံးရက်တိုင် ကျင်းပသော စာမေးပွဲ ၀င်ရောက်ဖြေဆိုရပါသည်။ အောင်မြင်ပါက ဆွမ်းဆန်တော် ထောက်ပံ့ လှူဒါန်းရပါသည်။
…………
စာချတန်းအတွက်ကျမ်းရင်းသုံးကျမ်း ပါဠိတော်အဋ္ဌကထာဋီကာတို့ကိုအဝါးဝစွာ
လေ့လာရသည်။ ဓမ္မာစရိယရိုးရိုးအတွက် သာရတ္ထဒီပနီဋီကာဝိမတိဋီကာ အဘိနဝဋီကာ မဓုယောဇနာတို့မလိုသော်လည်းအဘိဝံသဘွဲ့ရဖို့ရာအတွက်မူ ပါဠိတော်အဋ္ဌကထာနှင့်မလုံလောက် ထို ဋီကာစသည်ကျမ်းများကိုကျက်စားနိုင်မှ ဘွဲ့ရသည်။ ဖြေဆိုအောင်မြင်ပါက ဘွဲ့တော်နောက်၌ အဘိဝံသ ဟူသော အမည်နာမကို ထပ်တိုး ခေါ်ဆိုကြလေသည်။
ဥပမာ ဘွဲ့တော် အရှင်သုစိတ္တ ဖြစ်ခဲ့သော် သကျသီဟ အောင်မြင်ပါက အဘိဝံသထပ်တိုးကာ အရှင်သုစိတ္တာဘိဝံသဟု ဘွဲ့မည်နာမ ခေါ်ဆိုရလေသည်
သာသနာ့တာဝန်
………………………………………………………………………………
မစိုးရိမ်တိုက်ကြီးများ၌အဘိဝံသဘွဲ့ရမှ လူရာဝင်သည် နာယကအဖြစ်တင်မြောက်သည်။ ပရိယတ္တိအရည်အချင်းဆရာကမြင့်မှ တပည့်များအတွက်မျက်နှာမငယ်အလှထည်ဝါနိုင်သည်။ သို့ပါသော်လည်းရိုးရိုးဓမ္မာစရိယများလည်း
စာအပါးဝ ကာစာကျေသောစာချဆရာတော်များစွာရှိပါသည်။ စာချကောင်းသောဆရာများစွာရှိပါသည်။
အဘိဝံသဘွဲ့ကမူပိုပြီးစာမြင်၍စာချကောင်းပါသည်။ အသက်၂၇နှစ် ရဟန်း၇ဝါအတွင်းစာသင်တန်းဆိုသော ပထမအဆင့်ကို အောင်မြင်ပြီးရင်၂၇ကနေ ၃၂အတွင်း စာချတန်းခေါ်သော ဒုတိယအဆင့်ကို အောင်မြင်မှသာ အဘိဝံသဆိုသော ရဟန်းကျော်ဘွဲ့ကို ရရှိနိုင်ပါသည်။။ ဝါကျော်သွားပါကဖြေဆိုခွင့်မရှိတော့ပေ။
(ထင်ရှားသောဆရာတော်ကြီး တစ်ပါးကမူ
နိုင်ငံတော်က ဆပ်ကပ်သော ဘွဲ့တော်ကို
အသုံးပြုလေ့မရှိပဲ သကျသီဟ အဘိဝံသ ဘွဲ့တော်ကို
အမြဲလိုလို အသုံးပြုခဲ့သည်ကို ကြည်ညို သဒ္ဓါပွားများမိပါသည်)
ကိုးကား……ပရိယတ္တိအသင်းကြီး
Credit ..ငြိမ်းလဲ့
#SHARE


No comments:

Post a Comment

Designed By