Translate


Breaking News

Saturday, June 21, 2014

ဖုန်း ကိုင်တွယ်ခြင်း အနုပညာ ( 1 )

ဖုန်း ကိုင်တွယ်ခြင်း အနုပညာ ( 1 )

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

တိုးတက်လာသော ခေတ်ရေစီးကြောင်းနဲ့ အညီ လူတိုင်း လူတိုင်း စမတ်ဖုန်း ကိုယ်စီ လက်ဝယ်ပိုင်နိုင် ခဲ့ကြလေပြီ .....

၂၁ ရာစု စောဦးကလ အပြိုင်ဆိုင် Smart Phone တီထွင်ဆန်းသစ်မှု တွေက အံ့မခန်း အထင်ကြီး လောက် စရာပင် .....

Android , i phone နည်းပညာတွေက ကြောက်ခမန်းလိလိ ... Samsaung , Nokiea , Huawei , Apple ကုမ္မဏီကြီးများ၏ ဖုန်း Model အသစ်တွေက တစ်သောသော ထွက်ရှိလာသော ခေတ် ....

မိမိဝယ်ယူထားသော ဖုန်းတစ်လုံး ကိုတော့ လူတိုင်း လှပဆန်းသစ်မှု တွေနှင့် သူတစ်ပါးထက် ထူးခြားလှပအောင် ဆင်ယင် ကိုင်တွယ်တတ် လိုသော ဆန္ဒကိုယ်စိ ရှိကြမြဲပင် .....

ကမ္ဘာပေါ်မှာ လူကြိုက် အများဆုံး ဖုန်းအမျိုးစားက နှစ်ခု .... i phone ရဲ့ နည်းပညာ တွေက ထူးထူးခြားခြား ... သို့ပေမယ့် ဈေးနှုန်းတွေက မြင့်တက်လျှက်မို့ လူနည်းစုသာ ကျွန်တော်တို့ နိုင်ငံမှာ ကိုင်တွယ်သည်သာ ....

နောက်တစ်မျိုးက Android ... Open Source Licenses နှင့် လွတ်လတ်သော ,ချုပ်နှောင်မှု ကင်းခြင်း , ကြောင့် လူသုံးအများဆုံး နံပါတ်တစ် ဖုန်း ... လူတိုင်း မိမိတို့စိတ်ကြိုက် ဖန်တီးပြောင်းလဲ ခွင့်ကို ကို Google Legal မဟာမိတ်အဖွဲ့ကြီး၏ မှုဝါဒတွေနှင့် လွတ်လတ်စွာ တီထွင်ဆန်းသစ်နိုင်ခြင်းကြောင့် ပညာရှင်များ၏ နည်းပညာများ စုဝေးပေါင်းစုံရာ သားလှရတနာ .....

ငွေ နည်းနည်းမှ များများထိ မိမိတို့ တတ်နိုင်သော အမျိုးအစားကို ရွေးချယ်ခွင့် ရှိခြင်းကလည်း ကျွန်ုပ်တို့အတွက် ကျေနပ်စရာပင် ..... Android တစ်လုံးအတွက် လှပဆန်းပြား အမြင်ဆန်း နေအောင် ပြုလုပ်ဖို့ကလည်း လွယ်မှလွယ် ....

Android Smart Phone တစ်လုံး ဝယ်ယူတော့မည် ဆိုလျှင်....

ပထမဦးဆုံး Root ရအောင် လုပ်ရမည် ... Root ဖောက်ခြင်း ( အမြစ်တူးခြင်း )ဆိုသည်မှာ မိမိဖုန်းတစ်လုံးကို ကိုယ်ပိုင်ထိမ်းချုပ်ခွင့် ရအောင် ပြုလုပ်ခြင်း တစ်နည်းဆိုသော် Open Source Licenses ကို အပြည့် အဝ အသုံးချ နိုင်အောင် ပြုလုပ်ခြင်းသာ.... Rooted ဖြစ်အောင်လုပ်ရန် Root Tool တွေက အစီအရီ ... Root Apk တွေတောင်ထွက်ရှိလာပြီ ဖြစ်သဖြင့် Root လုပ်ရန် လွယ်မှလွယ် ...

ဖုန်းကို အမြစ်နုတ်ပြီးပြီ ဆိုရင် Gapps လို့ခေါ်တဲ့ Google Application ထည့်ရပါဦးမယ် Samsaung တွေအတွက်ကတော့ နဂိုပါပြီးသားပါ ... Huawei ဖုန်းတွေမှာတော့ မပါပါဘူးဗျ... ဒါကြောင့် Gmail , Gtalk , Gmap , Playstore တွေသုံးချင်တယ် ဆိုရင်တော့ Gapps ကို မဖြစ်မနေသွင်းရပါမယ် .... ဒါအတွက်လည်း Computer အတွက်ရော ဖုန်းတွေအတွက်ပါ Tool တွေ Apk တွေရှိပါတယ်....အွန်လိုင်းပေါ်က ရှာဒေါင်းလိုက် ယုံသာ ....

နောက်ပြီး မြန်မာစာ ရေးနိုင် ဖတ်နိုင်အောင် မြန်မာစာ နဲ့ ကီးဘုတ် ကိုလည်း ထည့်ပေးရမှာပါ ....

နောက်ထပ် ဖုန်းတစ်ခုခု ဖြစ်သွားရင် Full Backup လုပ်နိုင်အောင် , Custom Rom တွေ ( Phone ထုတ်လုပ်သော ကုမ္မဏီ မှ မဟုတ်ပဲ အပြင်မှ ပညာရှင်များ ရေးဆွဲဖန်တီးထားသော ROM ) တင်၍ရအောင် CWM Recovery တွေ သွင်းရပါ ဦးမည် .....

ဟာ... ဘာတွေလဲ ရှုပ်နေတာပဲ ... ဖုန်း ပဲ ဖုန်းဆက်လို့ရရင် ပြီးရောပေါ့ ... Internet လေး Facebook လေးသုံးလို့ရရင် ပြီးရောပေါ့ ... ဘာတွေထပ်လုပ်ရဦးမှာတုန်း လို့ ပြောရင်တော့ ..

ဟုတ်ပါတယ် ... but ဒါပေမယ့်ပေါ့ဗျာ ....

မိတ်ဆွေဟာ Phone ကို အနုပညာမြောက်စွာ ကိုင်တတ်သူ ဖြစ်ချင် သူ တစ်ယောက် ဆိုရင်ပေါ့ .....

ဒါဆိုရင် ... ဘာ အနုပညာ လဲ ဖုန်း နဲ့ အနုပညာ ဘာများ ပတ်သက်လို့လဲ လို့ မေးလာရင်တော့ ....

အနုပညာ ဆိုတာ ဆို က ရေး တီး သည်သာ အနုပညာ မဟုတ်ပါ လုပ်ငန်းကိစ္စတစ်ခုခုကို ကျွမ်းကျင် ပိုင်နိုင်စွာ လုပ်ကိုင်ခြင်းသည်လည်း အနုပညာ ပြည့်မြောက်စွာ ဖန်တီးနိုင်ခြင်း ပင်ဟု ကျွန်တော် ယူဆပါတယ် ...ဟု

                       
                                ဆက် ပါ ဦး မည်

                                                ဇေ င ပ လီ
                         
                              zayngapali.blogspot.com






No comments:

Post a Comment

Designed By