Translate
Breaking News
Wednesday, August 17, 2016
ငပလီမြို့ အရပ်ဖက်အဖွဲ့အစည်းများ စုံညီအစည်းအဝေး
     ငပလီမြို့၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် ရခိုင့်အာဇာနည် သျှင်ဦးဥတ္တမနေ့ အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် အရပ်ဖက်အဖွဲ့အစည်းများ စုံညီအစည်းအဝေးကို ယနေ့ ( 17.8.2016 ) ရက်နေ့၌ ငပလီမြို့၊ မြပြင်ရပ်ကွက်၊ မြရတနာနာရေးကူညီမှုနှင့်သွေးလှူရှင်အသင်းရုံးခန်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ယနေ့အစည်းအဝေးသို့ အရပ်ဖက်အသင်းအဖွဲ့များ၏ ကိုယ်စားလှယ် ( 60 )ကျော် တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေး၌ ဦးဥတ္တမနေ့ အခမ်းအနားကျင်းပရေးကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပြီး ဦးဥတ္တမနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပရန် သဘောတူဆုံးဖြတ်ခဲ့ကြပြီး အခြားလိုအပ်သည့် အကြောင်းအရာများအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါတယ်။
          ထို့နောက် တက်ရောက်လာကြသော အရပ်ဖက်အဖွဲ့အစည်းများ ကိုယ်စား မြရတနာ နာရေးကူညီမှုနှင့်သွေးလှူရှင်အသင်း ဥက္ကဌမှ ပင်လုံမြို့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်ညီလာခံသို့ တက်ရောက်ခဲ့သော ရခိုင်လူငယ်ကိုယ်စားလှယ် ကိုဇေယျာလင်းအား ညီလာခံအတွေ့အကြုံများ ရှင်းလင်းဝေငှပေးပါရန် တောင်းဆိုခဲ့ပြီး လူငယ်ကိုယ်စားလှယ် ကိုဇေယျာလင်းမှ ညီလာခံအတွေ့အကြုံများ ရှင်းလင်းတင်ပြမှုများ ပြုလုပ်ခဲ့ပါတယ်။
ညီလာခံ အတွေ့အကြုံရှင်းလင်းချက်များ
. . . . . . . . . . . . . . . . . . . . . . . .
- CCNEYC ၏ ရခိုင်ပြည်နယ်တောင်ပိုင်းတာဝန်ခံမှ ငပလီကမ်းခြေအနာဂါတ်လူငယ် ပရဟိတအသင်းသို့ အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခဲ့မှု
- ငပလီကမ်းခြေအနာဂါတ်လူငယ် ပရဟိတအသင်းမှ အသင်းအစည်းအဝေးခေါ်ယူ၍ ကိုယ်စားလှယ် ရွေးချယ်ခဲ့ပုံများ
- ပင်လုံညီလာခံ ကျင်းပရန် နှစ်ရက်အလို၌ ရှမ်းပြည်နယ်အစိုးရ၏ ခွင့်ပြုမိန့် မရရှိမှု၊ လူငယ်ကိုယ်စားလှယ်များ၏ သဘောတူညီမှုနှင့် ညီလာခံဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်မှု၊ ဗဟိုအစိုးရ၏ ညီလာခံကျင်းပခွင့် ရရှိလာခဲ့မှုများ
- ညီလာခံ တစ်ရက်ချင်းစီအလိုက် ကျင်းပမှုအစီအစဉ်များ
- ရခိုင်လူငယ်ကိုယ်စားလှယ်များ၏ ညီလာခံသို့ တင်သွင်းစာတမ်း
- ညီလာခံကြီး၏ ဘုံသဘောတူညီချက်များ
- မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်ရင်းသားလူငယ် မဟာမိတ်အဖွဲ့ကြီး အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့မှုနှင့် ရှေ့လုပ်ငန်းစဉ်များ
စသည်ဖြင့် အတွေ့အကြုံများ ရှင်းလင်းဝေငှခဲ့ပါတယ်။
.
ထို့နောက် ဦးစန်းကို ( ရခိုင်လူမှုကွန်ယက်)၊ ဦးမင်းမင်းလတ် ( မြရတနာသွေးလှူရှင်နှင့်နာရေးကူညီမှုအသင်း) မှ ညီလာခံအတွေ့အကြုံများ ရှင်းလင်းတင်ပြမှုအပေါ် ကျေနပ်အားရမှုရှိကြောင်း၊ ညီလာခံတက်ရောက်ခဲ့မှုအပေါ် ဝမ်းသာကြိုဆိုကြောင်းပြောကြားခဲ့ပြီး ယနေ့ အရပ်အဖွဲ့အစည်းများစုံညီ အစည်းအဝေးကြီး အောင်မြင်စွာကျင်းပပြီးစီးကြောင်း ကြေညာခဲ့ပါသည်။
ယနေ့အစည်းအဝေးတက်ရောက်ခဲ့သည့် အရပ်ဖက်အသင်းအဖွဲ့များ
. . . . . . . . . . . . . . . . . . . . . . . . . . . . . . .
၁ ရခိုင်လူမှု့ကွန်ယက်
၂ ဂျိတ္တောရပ်ကွက်နာရေးကူညီမှုအသင်း
၃ မြပြင်ရပ်ကွက် မြရတနာနာရေးကူညီမှုနှင့်သွေးလှူ ရှင်အသင်း
၎ လင်းသာရပ်ကွက်နာရေးကူညီမှုအသင်း
၅ ဇီးဖြူ ကုန်းရပ်ကွက်နာရေးကူညီမှုအသင်း
၆ စပါးကြီး ပရဟိတအသင်း
၇ ဂေါ့ ရပ်ကွက် နာရေးကူညီမှုအသင်း
၈ လေးဝတီအသင်း
၉ သဟာယ အသင်း
၁၀ ထာဝရ သူငယ်ချင်းများ ပရဟိတအဖွဲ့
၁၁ ငပလီကမ်းခြေအနာဂါတ်လူငယ်ပရဟိတအသင်း
၁၂ ဝါးတောင်ကွင်းအဖွဲ့
၁၃ မြသုတ စာကြည့်တိုက်အသင်း
၁၄ မြပြင် ဆွမ်းလောင်းအသင်း
၁၅ လင်းသာ ဆွမ်းလောင်းအသင်း
နှင့် အခြားအသင်းအဖွဲ့များ.....
@ Ngapali City
17.8.2016
No comments:
Post a Comment
Designed By